မိတ်ဆွေအပေါင်းကျန်းမာ..ချမ်းသာကြပါစေ.. မောင်ရွှေရိုး (နည်းပညာစုစည်းမှု): MyanPay အွန်လိုင်း ငွေပေးချေမှုစနစ်တွင် VISA Card များ စတင်အသုံးပြုနိုင်ပြီ expr:class='"loading" + data:blog.mobileClass'>

Saturday, July 18, 2015

MyanPay အွန်လိုင်း ငွေပေးချေမှုစနစ်တွင် VISA Card များ စတင်အသုံးပြုနိုင်ပြီ




MyanPay အွန်လိုင်း ငွေပေးချေမှုစနစ် (MyanPay Online Pay-ment Gateway) တွင် နိုင်ငံတကာသုံး ဗီဇာကတ်များ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယခုလ ပထမအပတ်မှ စတင်ကာ အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။ “VISA Card အတွင်းမှာရှိတဲ့ ငွေတွေကို MyanPay ထဲမှာ မြန်မာကျပ်ငွေနဲ့ ချက်ချင်း (Instantly) ငွေသွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ယင်းက ပြောကြားသည်။ Myan Pay - Secure Online Payment တွင် ၂၀၁၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စ၍ Master Card စတင် အသုံးပြုနိုင်ခဲ့ပြီး ယခုဧပြီလ ပထမအပတ်မှစတင်ကာ VISA Card အား အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆက်လက်၍ ပြည်တွင်းရှိ MPU Card များ၊ Mobile Banking စနစ်များ၊ Mobile Money စနစ်များကိုလည်း Myan-Pay တွင် မကြာမီအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

“MyanPay အကောင့်အသုံးပြုဖို့ ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရတာဖြစ်လို့ ဘဏ်ဖွင့်ရက်မှာသာ သွားရောက် ဆောင်ရွက်နိုင်တာပါ။ အခု VISA Card, Master Card တွေနဲ့ ငွေပေးချေနိုင်ပြီဆိုတော့ ဘဏ်ကိုသွားစရာ သက်သာသွားတာပေါ့” ဟု လက်ရှိ MyanPay အသုံးပြုနေသူတစ်ဦးက ပြောကြားသည်။ MyanPay စနစ်မှာ အင်တာနက်မှတစ်ဆင့် ငွေပေးချေခြင်း၊ ငွေလွှဲပေးပို့ခြင်း၊ ငွေလက်ခံခြင်းတို့အား ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်။ ငွေလွှဲပေးပို့ရာတွင် Myan Pay အကောင့်အချင်းချင်း (သို့) ငွေလွှဲပြောင်း ပေးပို့လိုသူ၏ အီးမေးလ်လိပ်စာ သိရှိရုံဖြင့် ပေးပို့နိုင်မည်ဖြစ်ကြောင်း၊ ပေးပို့လိုသော အီးမေးလ်ထံသို့ MyanPay အကောင့်တစ်ခုရယူ၍ ငွေလက်ခံရန်အကြောင်းကြား ပေးပို့ပေးကြောင်း သိရသည်။

ငွေလက်ခံရာတွင် အွန်လိုင်းပေါ်၌ အမြဲရှိနေရန် မလိုအပ်ဘဲ မိုဘိုင်းဖုန်းသို့ စာတိုပို့စနစ်ဖြင့် အကြောင်းကြားပေးကြောင်း သိရသည်။ ယခုကဲ့သို့ နိုင်ငံတကာကတ်များနှင့် အသုံးပြုလာနိုင်ခြင်းဖြင့် ရုံးပိတ်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ခြင်း၊ ၂၄ နာရီအသုံးပြုနိုင်ခြင်း စသည့် အားသာချက်များ ရှိလာမည်ဖြစ်ကြောင်း ဆိုသည်။ လက်ရှိတွင် MyanPay ထဲသို့ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ခွဲပေါင်း ၅၁၀ ကျော်မှ ငွေသွင်း၍ရကြောင်း သိရသည်။ VISA Card အသုံးပြုသူများ အနေဖြင့် www.myanpay.com.mm သို့ ဝင်ရောက်ကာ Login ပြုလုပ်ပြီး ဗီဇာကတ်အတွက် သတ်မှတ်ထားသော Link ထံသို့ ဝင်ရောက်ကာ ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်း

Internet Journal 
 
Refer Link -  winkabarkyaw

No comments:

Post a Comment