ပေါ်တူဂီနှင့် ရင်ဆိုင်ရမည့် အုပ်စု ဒုတိယအဆုံး
အဖြတ်ပွဲတွင်ဒဏ်ရာပြဿနာကြုံတွေ့နေရသောပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒို
ပါဝင်ကစားနိုင်ရန် မိမိတို့တစ်သင်းလုံးမျှော်လင့်နေကြောင်းအမေရိကန်ကွင်းလယ်
လူမိုက် ကယ်ဘရက်ဒလေက ပြောကြားလိုက်သည်။
အမေရိကန်အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် ဂါနာကို ၂-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လာမည့်ပွဲတွင် ပေါ်တူဂီကိုအနိုင်ရခဲ့ပါက နောက်တစ်ဆင့်တက်လှမ်းနိုင်ရန် သေချာသလောက်ရှိသွားမည်ဖြစ်သည်။ ပေါ်တူဂီအသင်းမှာမူ အုပ်စုအဖွင့်ပွဲတွင် ဂျာမနီကို ၄ ဂိုးပြတ် ရှုံးနိမ့်ထားသောကြောင့် အမေရိကန်ကို အနိုင်ကစားရန် လိုအပ်နေသည်။
‘‘ရော်နယ်ဒိုဟာ ပြီးပြည့်စုံတဲ့ကစားသမားဖြစ်ပါတယ်။ ဒီနေ့ခေတ် ဘောလုံးပွဲတွေဟာကြံ့ ခိုင်မှုအားပြုပြီး အရှိန်၊ခွန်အားနဲ့ ခံနိုင်ရည်ရှိမှုတွေနဲ့ ကစားနေတာပါ။ ရော်နယ်ဒိုဟာ ဒီလို အနေအထားတွေမှာ အကောင်းဆုံးကစားနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လာမယ့်ပွဲစဉ်တွေမှာ ရော်နယ်ဒိုကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ နှစ်သင်းစလုံးအတွက် နိုင်ပွဲရရှိဖို့ အရေးပါတဲ့ပွဲမှာ ရော်နယ်ဒိုလို အရေးပါတဲ့ ကစားသမားမျိုးပါဝင်ကစားဖို့လို အပ်ပါတယ်’’ဟု ဘရက်ဒလေကပြောလိုက်သည်။
ရော်နယ်ဒိုမှာ အမေရိကန်နှင့် ရင်ဆိုင်ရမည့်ပွဲစဉ်မတိုင်မီ ၎င်း၏ ဒူးပေါ်တွင် ဒဏ်ရာသက်သာလာစေရန် ရေခဲအကပ်များတပ်ဆင်ကာ လေ့ကျင့်ရေး ဆင်းနေကြောင်းသိရသည်။ သို့ရာတွင် ရော်နယ်ဒိုမှာ လေ့ကျင့်ရေးမပြီး ဆုံးမီ စောစီးစွာထွက်ခွာသွားခဲ့ သည်။ ပေါ်တူဂီ တိုက်စစ်မှူး ပိုစတီဂါကမူ ရော်နယ်ဒို၏ဒဏ်ရာအကြောင်း ခန့်မှန်းရေးသားနေမှုများမှာ ချဲ့ကားလွန်းနေကြောင်း ဝေဖန်လိုက် သည်။ ‘‘ရော်နယ်ဒိုရဲ့ ဒဏ်ရာအကြောင်းပြောနေတာတွေ ရပ်သင့်ပြီလို့ထင်ပါတယ်။ သူဟာ လေ့ကျင့်ရေးကွင်းမှာ အကောင်း ဆုံးကြိုးစားနေပါတယ်’’ဟု ပိုစတီဂါကဆိုသည်။ ပေါ်တူဂီသည် အမေရိကန်နှင့် ပွဲမတိုင်မီ ပွဲပယ်နှင့် ဒဏ်ရာပြဿနာများကြုံတွေ့နေရသည်။
ပေါ်တူဂီနောက်ခံလူ ပီပီမှာ ပြီးခဲ့သောပွဲတွင် တိုက်စစ်မှူး မူလာအား ဦးခေါင်းဖြင့် တိုက်ခဲ့ သောကြောင့် အနီကတ်ပြသခံခဲ့ရပြီး အမေရိကန်နှင့်ပွဲတွင် ပါ ၀င်နိုင်မည်မဟုတ်ပေ။ ပေါ်တူဂီ ဘယ်နောက်ခံလူ ကွန်ထရာအိုမှာ ပေါင်ခြံ ကြွက်သားဒဏ်ရာကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲလွဲချော်သွားပြီဖြစ်ပြီး တိုက်စစ်မှူးအယ်မေးဒါးနှင့် အရန်ဂိုးသမား ပါထရီစီယိုတို့မှာလည်း ဒဏ်ရာပြဿနာများကြုံတွေ့နေသည်။ ပေါ်တူဂီနည်းပြ ဘင်တိုကမူ အမေရိကန်အသင်းသည် အသင်းကောင်းတစ်သင်းဖြစ်၍ လေးစားမှုအပြည့်ဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်ကို အနိုင်ရမည်ဟုယုံကြည်ကြောင်းဆိုသည်။
Refer Link: 7daydaily

No comments:
Post a Comment