မိတ်ဆွေအပေါင်းကျန်းမာ..ချမ်းသာကြပါစေ.. မောင်ရွှေရိုး (နည်းပညာစုစည်းမှု) expr:class='"loading" + data:blog.mobileClass'>

Friday, March 28, 2014

Karaoke Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်နိုင်သော Program များ

Karaoke Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်ဖန်တီးပေးနိုင်တဲ့ဆော့ဝဲလေးတွေနဲ့မိတ်ဆက်ပေး ချင်ပါတယ်။ ဒါပေမယ့် ဒီဆော့ဝဲများရဲ့ Tutorial ပြုလုပ်နည်းတွေကိုတော့ ကျနော်မတင်ပြနိုင်သေးပါ။ ကျနော် အချိန်မရတာတစ်ကြောင်း၊ နောက်ပြီး Edit သမားမဟုတ်တာတစ်ကြောင်းရယ်ပေါ့။ အဲဒါတွေအချိန်ပေးနိုင်တဲ့ တစ်နေ့ဆို ပို့စ်အဖြစ်ရောက်အောင် ကျနော်ကြိုးစားပေးမှာပါ။ ကျနော်တို့တတ်တဲ့ သိတဲ့အရာတွေဟာ အများအ တွက်ဖြစ်ဖို့ အာရုံထားဖို့လဲလိုတယ်မလား။ 


ကျနော်သိသလောက်ပြောရရင်တော့ Video Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်နိုင်တဲ့ဆော့ ၀ဲများဟာ အောက်ပါ ပရိုဂရမ်များတွေပါပဲ။ တစ်ခုချင်းဆီ tutorial ပြုလုပ်နည်းတွေကို နောက်မှပဲရေးတော့မယ်။
1.Karaoke Kit
2. VirtualDub's subtitler
3. Adobe After Effects & Photoshop
4. Kbuilder
5. Aegisub
အထက်ပါဆော့ဝဲ ငါးမျိုးထဲမှာ တစ်မျိုးမျိုးနဲ့ ကျနော်တို့ Video Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြု လုပ်လို့ရနိုင်ပါတယ်။ အဲဒီငါးမျိုးတွင် Adobe After Effects နဲ့ Aegisub နှစ်မျိုးကတော့ Video Subtitle အ တွက် အသုံးများတဲ့ဆော့ဝဲတွေပဲဖြစ်တယ်။ လိုအပ်ရင်ဒေါင်းနိုင်ဖို့ တစ်ခါတည်းတင်ပေးလိုက်မယ်။

Dwonload :
Karaoke VCD kit.rar
VirtualDub (codec).zip
KBuilder 3.5.1.620.rar
Adobe After Effects CS5.exe.002
Aegisub 2.1.8 setup.rar

အခြားဒေါင်းလုဒ်နိုင်သော video editing tool များဒီဆိုက်မှာလဲလေ့လာနိုင်သည်။
make-karaoke-subtitle

စောလင်းနက်စ်
Ref Link : နေဖြိုးကျော်

Smart Google Apps Installer(4.0.3 မှ 4.2.2 ထိ Google App)



Smart Google Apps Installer(4.0.3 မှ 4.2.2 ထိ Google App တွေကိုသွင်းယူနိုင်ပါတယ်..

  ကိုကျော်စွာသွင်ရဲ့   Smart GApps Installer .. Android 4.0.3 မှ 4.2.2 အထိ Google App တွေကို သွင်းယူရာမှာ အဆင်ပြေစွာနဲ့ သွင်းယူနိုင်ပါတယ်..

လက်ရှိမှာ Android Version 4.0.3 မှ 4.2.2 အထိ အလုပ်လုပ်ပါတယ်... ဒီ Tool ကိုသုံးဖို့  မိမိဖုန်းမှာ Root Access လိုအပ်ပါတယ်...

Root Access ရပြီဆိုရင် Tool ကို run လိုက်ပါ....အဆင်ပြေချောမွေ့ကြပါစေ...

Credit : ko Kyaw Swar Thwin

I Tune Update


i tune update

Huawei G730-C00 update firmware


G730-C00 (B158)


G730-C00 (B154)

MM Aio Font Changer v1.0 (Android Version 1.6 မှ 4.4.2 အထိ Support ပေးသော Font Changer)

mmaio MM Aio Font Changer ကတော့ Android Version 1.6 ကနေ 4.4.2 အထိ

အလုပ်လုပ်ပါတယ်။  


မိမိဖုန်းကို Root လုပ်ထားရုံနဲ့ ဇော်ဂျီ ၊ Smart ဇော်ဂျီ တို့ကို
ကြိုက်နှစ်သက်ရာ ရွေးချယ်သုံးနိုင်ပါတယ်။

Font ပြောင်းတဲ့ Method အနေနဲ့ 4.0 ကနေ 4.2.2 အထိ Method နှစ်မျိုးရွေးချယ်
ထည့်သွင်းနိုင်ပါတယ်။ မိမိဖုန်းအတွင်းရှိ မည့်သည့် Font များမှ မပျက်စေပဲ နောက်
Font တစ်မျိုးထည့်သွင်းရန် XML Method ကိုရွေးချယ်ပါ။ ဒီ Method ဖြင့် Font
ပြောင်းပြီးသွားပါက မိမိ မနှစ်သက်ပါက Original Restore ကို နှိပ်ပေးဖို့
လိုအပ်ပါတယ်။ Replace Roboto ကတော့ မိမိဖုန်းရဲ့ Original System Font ဖြစ်တဲ့
Roboto မှာ အစားထိုးတဲ့ နည်းလမ်းဖြစ်ပါတယ်။
ဒီနည်းလမ်းကို G 730 တွေမှာသုံးလျှင်ရနိုင်မည်မဟုတ်ပါ။
XML Method ဖြင့်အရင်ဆုံး Change ရင်အကောင်းဆုံးဖြစ်ပါတယ်။
အရင်က ထွက်ရှိထားသော MMSD Smart Zawgyi ထက် ၁၀ဆသာလွန်ကောင်း
မွန်တဲ့ Font Changer အသစ်ဖြစ်ပါတယ်။ Samung ဖုန်း HTC ဖုန်း အစရှိသည့်
Android Version ၄.၃ နဲ့ အထက်တွေမှာလဲ မြန်မာစာ ၉၀%လောက်နီးပါး မှန်ကန်
ပါတယ်။ ဖုန်းမပျက်အောင်တော့ အဓိကထားရေးသားထားပါတယ်။ တစ်ချို့ဖုန်း
တွေမှာတော့ Brick ဖြစ်နိုင်ပါတယ်။ Brick ဖြစ်သွားသော ဖုန်းများအား Factory
Rest မချပဲ နည်းလမ်းရှာဖို့ အကြံပေးပါတယ်။
FrozenKeyboard  တစ်ခါထဲပါဝင်ပါတယ်။

Version 1.0 (Offical) တွင် ပြောင်းလဲမူများ
4.3 ဖုန်းများတွင် -ျ   ကပ်တဲ့ Error ကို ပြင်ပေးထားပါတယ်။

Sony ဖုန်းတွင် Error အနည်းငယ်ရှိနိုင်ပါတယ်။

ဒီ App အသုံးပြုဖို့ ဒါလေးတော့ဖတ်ပေးပါ။

NO WARRANTY
(USE AT YOUR OWN RISK)


ဒီ App ရဲ့ Fanpage မှာလဲ ရတဲ့ဖုန်း အမျိုးအစားကို ဖော်ပြနေပါတယ်။
သွားရောက်လေ့လာလို့ရပါတယ်။

https://www.facebook.com/mmaiofontchanger?ref=hl

ဒီ App ကို Google App မှာ တိုက်ရိုက်ဒေါင်းနိုင်ပါတယ်။

Playstore မှာ Download  ဆွဲခြင်း Review ပေးခြင်းဖြင့်ကူညီပါ။

https://play.google.com/store/apps/details?id=com.phyochan.mmaiofontchanger

Playstore မရှိသူများအတွက်လဲ ဒီမှာဒေါင်းနိုင်ပါတယ်။

http://d-h.st/K5M



Credit: Phyo Chan (MMSD)

Thursday, March 27, 2014

G610-U00 Stept 2 fail ဖြစ်နေသူများ




Version အမြင့်ကနေ အနိမ့် firmware တင်ရင် step 2 fail ပြတတ်ပါတယ်..

ဒါကို ရှင်းနည်းကတော့..

Firmware တင်သလိုပါဘဲ..vol(+)+vol(-)+ power key နှိပ်ပြီး တင်လိုက်ပါ..

B144 မှ B136 စမ်းသပ်ထားပါတယ်..အားလုံးအဆင်ပြေပါတယ်...

ဒီမှာဒေါင်းလိုက်ပါ.


မိတ်ဆွေများ အဆင်ပြေနိုင်ပါစေ..

Credit : Myo Ko Ko Zaw